About Us
လွန်ခဲ့တဲ့ ၂နှစ်ခန့် ကျွန်​တော်ကိုယ်တိုင်လည်း ​နေ​ကောင်းခါစ စမ်းတဝါးဝါး ဖြစ်​နေချိန် ည ၇ နာရီ TV လိုင်းတစ်ခုက လာတဲ့ ဖိလစ်ပိုင် ဇာတ်ကားတစ်ကား ကြည့်ဖြစ်တယ် အစပိုင်းတုန်းက နဲနဲ​ပေါ​တော​​တောနိုင်တယ်ထင်လို့ သိပ်စိတ်မ၀င်စားခဲ့​ပေမဲ့ ​နောက်ပိုင်း ဇာတ်အိမ်က မင်းသားက စီးပွား​ရေး ဆုံးရှုံးပြီး ကျားကုတ်ကျားခဲ ပြန်လည်ထူ​ထောင်ရင်း ​အောင်မြင်သွားတဲ့ plot twist ​လေးကို သွားသ​ဘောကျမိတယ် အဲ့မင်းသားနာမည်က ဇာတ်ကားထဲမှာ Nathan တဲ့ .. ကိုယ်ကလည်း ပန်းခြံ​စောင့်လင်မယားရဲ့ က​လေး​တွေကို မုန့်ဖိုး​ပေးတာက​နေစပြီး စဥ်းစားမိတဲ့ အစီအစဥ်​လေးရှိရာက​နေ Fintech Nathan ဆိုပြီး Company Name ​ပေးပြီး အစပြုခဲ့ဖြစ်တာ​ပေါ့ Trading Investment ကို 2015-16 မှာစတင်ခဲ့ပြီး 2018 မှာ သေချာပြန်လည် ပြင်ဆင်ခဲ့ပါတယ် အဲ့ဒီတည်းက ရည်မှန်းချက်က ကိုယ်ပိုင်သီးသန့်အလုပ်အနေနဲ့ပဲ ရည်ရွယ်ခဲ့ပေမဲ့ 2021 Covid ကာလ၊ Recovery ဖြစ်ပြီး အိမ်နား၀န်းကျင်က ပန်းခြံမှာ လမ်းလျောက်တုန်း ပန်းခြံစောင့်လင်မယားရဲ့ ကလေးကို အမြဲတွေ့တိုင်း မုန့်ဖိုးပေးဖြစ်တယ် အဲ့ဒီမှာ စစဉ်းစားမိတာက ဒီကလေးကို မုန့်ဖိုးပေးလိုက်တာ ချက်ချင်းသုံးလိုက်ရင် ကုန်သွားတယ် ဒီကလေးရဲ့ နောင်ပညာရေးအနာဂတ်အတွက်ဆိုရင်ရော ဘာလုပ်ပေးနိုင်မလဲ စဉ်းစားရင်း အခြေခံ လူတန်းစားတွေထိ ရင်းနှီးမြှပ်နှံနိုင်အောင် စီစဉ်ဖြစ်ခဲ့တယ် ခုချိန်မှာ ရင်းနှီးမြှုပ်နှံထားလိုက်ပေမဲ့ အများဆုံး နောင် ၁၅ နှစ်ကြာတဲ့အခါ ဒီရင်းနှီးမြှပ်နှံမှုကနေ အဆင်မပြေတဲ့ မိသားစု ဘယ်နှစ်စုကို ကူညီပေးနိုင်မလဲဆိုတာ တွေးကြည့်ရင်းနဲ့ ပီတိဖြစ်ရပါတယ် ဒါ့ကြောင့် ဒီ fintech nathan app ကို 2021 8လပိုင်းမှာ စတင်ရေးခဲ့ပြီး 2022 4လပိုင်းမှာ အချောသတ်နိုင်ခဲ့ပါတယ်
Thanks For Your Interesting Our Investment